Proforma invoiceဆိုတာဘာလဲ?

ကုမ္ပဏီမှ ထုတ်ပေးမည့် ကုန်ပို့လွှာကိုခေါ်ပါသည်။ ဝယ်ယူမည့်ကားတန်ဖိုး ယင်းကား၏အချက်အလက်များနှင့် သင်္ဘောခများကို ဖော်ပြထားသော စာရွက်စာတမ်းဖြစ်သည်။ ၎င်းစာရွက်စာတမ်းလက်ခံရရှိပြီးပါက သင်္ဘောတင်ပို့ဆောင်မှု့ဆောင်ရွက်နိုင်ရန် ငွေပေးချေရပါမည်။

ကားဝယ်ရန်သဘောတူညီပြီးပါက အချိန်ဘယ်လောက်အတွင်းငွေပေးချေရမလဲ?

၃ရက်နှင့် ၅ရက်အတွင်းငွေလွှဲပေးရပါမည်။ငွေလွှဲပြီးဘဏ်ထဲငွေဝင်လာပါက သင်္ဘောတင်ရန် စတင်ဆောင်ရွက်ပါမည်။

Paypalနှင့်ငွေပေးချေလို့ရမလား?

ဟုတ်ကဲ့ ပေးလို့ရပါတယ်။

မည်သည့်ငွေကြေးဖြင့် ငွေပေးချေမှု့ကိုလက်ခံပါသလဲ?

အမေရိကန်ဒေါ်လာနှင့် ဂျပန်ယန်းနှစ်မျိုးစလုံးကို လက်ခံပါသည်။ဘဏ်အကောင့်များထဲမှ အဆင်ပြေရာတစ်ခုကို ရွေးချယ်ပြီးငွေလွှဲနိုင်ပါသည်။

ငွေလက်ခံရရှိရန်အချိန်ဘယ်လောက်ကြာမလဲ?

ခန့်မှန်းသုံးရက်လောက်ကြာနိုင်ပါသည်။ ငွေလွှဲသည့်နိုင်ငံပေါ်တွင် မူတည်ပါသည်။ ငွေလက်ခံရရှိပြီးပါက သင်္ဘောတင်ရန်စီစဉ်ပါမည်။

ဘဏ်ငွေလွှဲခကို မည်သူကျခံမလဲ

မည်သည့်ဘဏ်ကမဆို ငွေလွှဲခကိုဝယ်ယူသူမှ အားလုံးကျခံရပါမည်။ မည်သည့်ငွေလွှဲခကိုမှ တာဝန်ယူမှု့မလုပ်ပါ။